လူကြီးတွေကို Psywar ကဆွဲထုတ်မယ့်နည်း ၂ နည်း
"ဟေ့ဟေ့ ပစ်နေပြီ မီးတွေပိတ် ပုန်းပုန်း နင်အပြင်မထွက်နဲ့လေ သေချင်လို့လား" ဒီလိုစကားမျိုး ခုညပိုင်းတွေမှာခပ်စိတ်စိတ်ကိုကြားလာရပါတယ်။ ပစ်နေတာအသံဗုံးလားဘာလားလည်းမသိ ဘယ်နေရာကမှန်းလည်းသေချာမသိ အသံကြောင့်ဖားသေ အခြေအနေဖြစ်လာပြီ။ စကားတွေရဲ့မြစ်ဖျားခံ နေရာက လူကြီးတွေ ဆီကဖြစ်ပါတယ်။( လူကြီးအားလုံးကိုသိမ်းကျုံးမဆိုလိုပါ) လူငယ် တွေလည်း အစိုးရိမ်လွန်နေတဲ့ လူကြီးတွေကိုအတော်လည်းစိတ်ပျက်နေကြပြီ။ လူကြီးတွေအစိုးရိမ်လွန်နေတဲ့ပြဿနာတွေရဲ့ တစ်၀က်လောက်က psywar တွေကြောင့်ဖြစ်တာ။ သူတို့သုံးတဲ့ social media သီးသန့်မှာပဲတက်တဲ့ သတင်းဆိုတာရှိသလိုမျိုး။ လူကြီးတစ်ယောက်ကလွဲတာနဲ့တစ်လမ်းလုံးကစလွဲရော လူငယ်တွေရဲ့လေကမတိုးတော့ဘူး။(ဒါကိုယ်တွေ့နော် တော်တော်များများကိုကြုံနေရတာ) အစိုးရိမ်လွန်တဲ့ပြဿနာတစ်စိတ်တစ်ဒေသဖြစ်တဲ့ psywar ပြဿနာကိုစရှင်းဖို့လိုနေပါပြီ။ အဲ့တော့ဘာလုပ်ကြမလဲ။ Telegram သုံးခိုင်းပါ။ ခေတ်ကိုအဆက်အသွယ်အရမ်းကြီးမပြတ်ကျန်ခဲ့တဲ့ လူကြီးတွေကို telegram သုံးခိုင်းပါ။ facebook မှာလည်း subscribe လုပ်သင့်တဲ့ channel တွေကိုတင်ထားပါတယ်။ အဲ့ channel တွေကိုတခါထဲ subscribe လုပ်ပေးခဲ့ပါ။ ပြီးတော့ telegram ...