လူကြီးတွေကို Psywar ကဆွဲထုတ်မယ့်နည်း ၂ နည်း

"ဟေ့ဟေ့ ပစ်နေပြီ မီးတွေပိတ် ပုန်းပုန်း နင်အပြင်မထွက်နဲ့လေ သေချင်လို့လား" ဒီလိုစကားမျိုး ခုညပိုင်းတွေမှာခပ်စိတ်စိတ်ကိုကြားလာရပါတယ်။
ပစ်နေတာအသံဗုံးလားဘာလားလည်းမသိ ဘယ်နေရာကမှန်းလည်းသေချာမသိ အသံကြောင့်ဖားသေ အခြေအနေဖြစ်လာပြီ။
စကားတွေရဲ့မြစ်ဖျားခံ နေရာက လူကြီးတွေ ဆီကဖြစ်ပါတယ်။( လူကြီးအားလုံးကိုသိမ်းကျုံးမဆိုလိုပါ)  လူငယ် တွေလည်း အစိုးရိမ်လွန်နေတဲ့ လူကြီးတွေကိုအတော်လည်းစိတ်ပျက်နေကြပြီ။
လူကြီးတွေအစိုးရိမ်လွန်နေတဲ့ပြဿနာတွေရဲ့ တစ်၀က်လောက်က psywar တွေကြောင့်ဖြစ်တာ။
သူတို့သုံးတဲ့ social media သီးသန့်မှာပဲတက်တဲ့
သတင်းဆိုတာရှိသလိုမျိုး။ လူကြီးတစ်ယောက်ကလွဲတာနဲ့တစ်လမ်းလုံးကစလွဲရော လူငယ်တွေရဲ့လေကမတိုးတော့ဘူး။(ဒါကိုယ်တွေ့နော် တော်တော်များများကိုကြုံနေရတာ) အစိုးရိမ်လွန်တဲ့ပြဿနာတစ်စိတ်တစ်ဒေသဖြစ်တဲ့ psywar ပြဿနာကိုစရှင်းဖို့လိုနေပါပြီ။ အဲ့တော့ဘာလုပ်ကြမလဲ။

Telegram သုံးခိုင်းပါ။ 
ခေတ်ကိုအဆက်အသွယ်အရမ်းကြီးမပြတ်ကျန်ခဲ့တဲ့
လူကြီးတွေကို telegram သုံးခိုင်းပါ။ facebook မှာလည်း subscribe လုပ်သင့်တဲ့ channel တွေကိုတင်ထားပါတယ်။ အဲ့ channel တွေကိုတခါထဲ subscribe လုပ်ပေးခဲ့ပါ။ ပြီးတော့ telegram ကသတင်းတွေဟာ ၁၀၀% မဟုတ်ရင်တောင် ၉၀% လောက်ထိမှန် ကြောင်းကိုပြောဖို့လည်းမမေ့ပါနဲ့။
Source အတိအကျနဲ့ရှင်းပြပါ
ဒီနည်းကအနည်းငယ်တော့ပင်ပန်းပါတယ်။ 
ဒါ‌ပေမယ့် ဒီနည်းကသုံးကိုသုံးမှပဲရတော့မှာပါ။
သတိပြုရမှာတစ်ခုကတော့ ရန်တွေ့သလိုမျိူးထက် ရှင်းပြတဲ့ပုံစံမျိုးပဲသွားစေချင်ပါတယ်။ (ရှင်းပြရင်ပြန်ပြောတယ်တွေးတဲ့ Generation ကြီးတွေဆို တော့ ပင်ပန်းမှာသေချာပါတယ်) ဘယ်လိုလုပ်ရမလဲဆိုတော့ လူကြီးတစ်ယောက်က ဘယ်နားမှာတော့အတားအဆီး တွေဖြတ်နေပြီ စစ်ကားတွေ၀င်နေပြီ
လို့လာပြောရင် လူငယ်တွေက ဘယ်နေရာမှာလည်း ပြန်မေးပါ နေရာသိရင် ကျွန်တော့်သူငယ်ချင်းအဲ့မှာနေပါတယ် ဖုန်းဆက်မေးပေးပါ့မယ် ဆိုပြီး သူတို့ ရှေ့မှာတင် confirm ပါ။ သူငယ်ချင်းမရှိရင်ရော
ဘယ်လိုလုပ်ရမလဲဆိုတော့ ကျွန်တော်တို့ရဲ့ info တွေက psywar နည်းပါတယ် အဲ့တာကြောင့်မလို့တကယ်သိချင်ဘယ်လောက်မှမကြာဘဲသိရမှာပါ။
အဓိကသူတို့ရှေ့မှာရအောင်ကို confirm ပါ။
 ရှင်းပြပီးပီမလို့ကိုယ့်ဘက်ကတာ၀န်ကျေပါပီ လုပ်စရာရှိတာအေးဆေးဆက်လုပ်ပါ။ (အဲ့တာမှဝူးဝူးဝါးဝါးထပ်လုပ်နေရင် တော့
ဒလန် ဖြစ်ဖို့ သေချာနေပြီ လို့သာ ပြောလိုက်ပါ)
ကြောက်ခေတ် မှာရှင်သန်ခဲ့တာကြောင့် လူငယ်တွေထက်ပိုကြောက်‌နေမှာပါ ကျွန်တော်တို့ကလည်း သတင်းတိတိကျကျနဲ့ သူတို့ကိုအကြောက်တရားကဆွဲထုတ်ကြတာပေါ့ဗျာ