အရေးတော်ပုံအောင်ရမည် နှင့်အစိုးရိမ်လွန်ခြင်း ပြဿနာ

ကျွန်တော်တို့နိုင်ငံကို အကြမ်းဖက်သူပုန်များ အတင်းအဓမ္မအာဏာလုထားသည်မှာတစ်လကျော်ကာလသို့ရောက်ရှိလာပြီဖြစ်သည်။CDM လှုပ်ရှားမှုလည်းအကောင်းဆုံးအနေအထားရောက်လာသလို နိုင်ငံတ၀န်းသပိတ်စစ်ကြောင်းများလည်းအရှိန်အဟုန်ဖြင့်ချီတက်နေကကြောင်းများလည်းအရှိန်အဟုန်ဖြင့်ချီတက်နေကြဆဲဖြစ်သည်။ လူကြီးလူငယ်မရွေး ပါ၀င်ကြသောလှုပ်ရှားမှုတစ်ခုဖြစ်လာသောကြောင့် အမြင်ကွဲလွဲမှုများဖြစ်လာကြသည်။

လူငယ်ဆိုတဲ့အတိုင်း ငယ်ဂုဏ်လည်းရှိသလို တက်ကြွမှုလည်းအပြည့်ရှိကြတယ်။ ကျွန်တော်တို့လူငယ်တွေခုထိ အရေးတော်ပုံဆက်လက်ဆင်နွှဲနိုင်ခြင်းမှာ ၈၈ အရေးအခင်းကိုမျက်မြင်ကြုံခဲ့သော လူကြီးတွေရဲ့အတွေ့အကြုံတွေကြောင့်လည်းပါပါတယ်။သူတို့အတွေ့အကြုံတွေဟာ တကယ်ကိုအကူအညီဖြစ်ခဲ့ပါတယ်။ လူကြီးတွေသတိမပြုမိတဲ့အချက် (၂) ချက်က ခေတ်ကာလမတူတာ ကျွန်တော်တို့လူငယ်တွေရဲ့တွေးခေါ်နိုင်စွမ်းမြင့်မားလာတာ တွေကိုပါ။ပီးတော့အင်တာနက်ခေတ်ပါ။ သတင်းအချက်အလက်ပြန့်နှံမှုအရမ်းမြန်ပါတယ်။
စစ်တပ်ကတော့ ၈၈ အတိုင်းပဲ ၂၁ မှာလည်း လူစိတ်မရှိပစ်သတ်နေဆဲပါပဲ။ သူတို့ရဲ့အဓိကလက်နက်က ပြည်သူတွေရဲ့အကြောက်တရားပါ။ ကျွန်တော်တို့အနေနဲ့အကြောက်တရားကိုကျော်လွှားနိုင်မှရမယ်။ အာ့လိုပြောလို့မင်းက မကြောက်ဘူးလားမေးရင် ကျွန်တော်လည်းကြောက်ပါတယ်။ အသက်မှာတစ်ချောင်းပါတဲ့လူဖြစ်လို့ကြောက်ပါတယ်။ဒါကြောင့်လည်း keyboard ကတစ်ဖုံ အပြင်ထွက်ရ်ျတစ်မျိုး အာဏာရှင်စနစ်ကိုတွန်းလှန်နေကြတာပါ။ ဒါပေမယ့် ဘာမှမလုပ်ဘဲ နေလိုက်ရင်‌တော့တကယ်ကိုတစ်သက်လုံးကြောက်နေရတော့မှာပါ။ဒါကို boomer တချို့သဘောပေါက်ကြပါရဲ့လားလူငယ်တွေသည် ဖိရင်ကြွ ထိရင်ချ (ခံစစ်သဘောသာ) ပစ်ရင်ပြေးကြပါတယ်။ ဘယ်သူမှ အသေခံအတင်းတိုး၀င်တာမျိုးမလုပ်ကြပါဘူး။ အန္တရာယ် level ကိုလည်းအတော်လေးစဉ်းစားနိုင်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက်လည်းတားကြပါတယ်။ရပ်ကွက်နေပြည်သူတွေကလည်းလူငယ်တွေကိုမပစ်ပယ်ထားကြပါဘူး။ (ဒါတောင် မျက်ရည်ယိုဗုံးကိုလက်နဲ့ကိုင်ပြီး ပြန်ပစ်ပြတဲ့လူငယ်တွေရှိပါသေးတယ်) တစ်ဖက်ကရန်သူကတစ်ဆုံးကိုယုတ်မာမှာပါ။ သေနတ်နဲ့တင်မဟုတ်ဘူး စိတ်ဓာတ်ကိုပါရိုက်ချိုးဖို့ကြိုးစားနေတာပါ psywar ဖြန့်တာတွေ ညဘက်လိုက်ပစ်ပြတာတွေ အစရှိသဖြင့်ပေါ့ ။ လူကြီးတော်တော်များများဟာ psywar တွေရှယ်မိကြပါတယ်။ လူငယ်တွေကတော့ စစဖြစ်ချင်းတစ်ပတ်ပီးသွားတဲ့နောက်မှာ ဒီပြဿနာကိုအေးဆေးကျော်ဖြတ်သွားနိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ info တွေဘယ်ကလာလဲဆို ‌မျက်မြင်ကိုယ်တွေ့ကြုံရတဲ့သူ‌ဆီကလာပါတယ်။ ဦးတို့အဒေါ်တို့အနေဖြင့် လူငယ်တွေတဖန်ပြောပြတာကိုနားကိုထောင်ရမယ့်အချိန်ကိုရောက်နေပါပြီ။ တစ်ခုခုဆိုကြောက်ပီး ပုန်းခိုင်းတာကအဖြေမဟုတ်ပါ။ ကိုယ့်သားမလို့ ကိုယ့်သမီးမလို့ ကိုယ့်ကိုလာဖမ်းမှာစိုးလို့ စိတ်ပူတယ်‌ဆိုတာကိုလက်ခံပေးနိုင်ပါတယ်။ ကြောက်ပြီးသွေးပျက်တာက‌တော့ လူငယ်တွေရဲ့လုပ်ဆောင်မှုတွေပါထိလာပါတယ်။ တရားသ‌ဘောနဲ့ပြောရရင် ဖြစ်ရမယ့်ကံပါလာရင်ပုန်းနေလည်းမလွတ်ပါဘူး။ တက်ကြွလှုပ်ရှားနေတဲ့လူငယ်တွေကို အကြောက်တရားတွေမထည့်ပေးပါနဲ့။ တားဆီးပိတ်ပင်တာမျိုးဆိုပိုတောင်မလုပ်သင့်ပါဘူး။ စကားအပြန်အလှန်ပြောရမယ့်အချိန်ပါ။ ငါဟာလူကြီး မင်းတို့ပြောတာနားမထောင်နိုင်ဘူးဆိုတာ မျိုးဟာ ဘာနဲ့တူလဲဆိုတော့ အာဏာလုအစိုးရရဲ့အုပ်ချုပ်ပုံအသေးစားနဲ့သွားတူနေပါတယ်ဆိုတာလည်းသိဖို့လိုနေပါပြီ။
အသုံးပြုထားသောပုံများကိုသက်ဆိုင်သူများအား credit ပေးပါသည်။